Wednesday, June 26, 2013

Favicon ဆိုတာဘာလဲ?






Favicon ဆိုတာ မိမိဆိုဒ်ရဲ့ သင်္ကေတတစ်ခုပါ... ဆိုဒ်နာမည်ရဲ့ဘယ်ဘက်ဘေးမှာ ပေါ်နေတဲ့ Logo လေးကို ပြောတာပါ....
အဲဒါကို ဘယ်လိုထည့်မလဲ....
Faviconကို Bloggerထဲမှာ ထည့်မယ်ဆိုရင် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ..

    Faviconပုံတွေကို သင်ကိုယ်တိုင် Image Editor/ Photo Editorဖြင့် ဖန်တီးနိုင်ပါသည်။ ဥပမာ - Photoshopစသည်ဖြင့် ပြုလုပ်နိုင်ပါသည်။ Internetထဲမှာလည်း ရှာနိုင်ပါသည်။ မရှာပါနဲ့တော့။ အခု ကျွန်တော်ပေးတဲ့ Websiteမှ ယူနိုင်ပါသည်။ ၄င်းတွင် မိမိကိုယ်တိုင်လည်း ဖန်တီးနိုင်ပါသည်။ ကျွန်တော်ကတော့ ပြင်းလို့ သူပေးထားတဲ့ Lastest Faviconsကိုပဲယူပါတယ်။
1. Blogger > Layout > Edit HTML > Expand Widgetကို အမှန်ခြစ်ပြဖို့ မမေ့ပါနဲ့။
    ထို့နောက် အောက်ပါ Codeကိုရှာပါ။


<b:skin><![CDATA[/*
2.တွေ့ပြီဆိုရင်အဲဒီCode အပေါ်မှာ အောက်က Code ကို ထည့်ပေးလိုက်ပါ...
<link href='Your Favicon URL' rel='shortcut icon'/> 
3.အဲဒီနောက် Your Favicon URLနေရာမှာ မိမိကြိုက်နှစ်သက်တဲ့ Faviconပုံရဲ့ linkကို ထည့်သွင်းရမှာ ဖြစ်ပါတယ်.... ကဲ ဒီwebsite ကို ထပ်သွားပါ။ Latest Favicon ကိုနှိပ်ပါ။
မိမိကြိုက်နှစ်သက်တဲ့ Faviconကိုနှိပ်လိုက်ပါ။ ပုံအကြီးနှင့် အသေးရှိပါတယ်။ အသေးပေါ်တွင် Right-clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။
Location မှ Linkကို Selectလုပ်ပြီး Copyလုပ်ပါ။
Your Favicon URLနေရာမှာ မိမိ Copy လုပ်ထားတဲ့ Linkကို အစားထိုးသွင်းလိုက်ပါ။
Save Templateဖြင့် အဆုံးသတ်ပါ။ ဒါဆို Faviconအကြောင်းကို သိသင့်သလောက် သိပြီပေါ့။

ဒါက Code သုံးပြီးလုပ်တာပါ....

4.Layout ထဲက  Favicom ကို Edit လုပ်ပြီးလိုက်ရင် ပုံတင်ဖို့ Browse တွေ့လိမ့်မယ် ..
အဲဒီမှာ ကိုယ့်ကွန်ပျူတာထဲက ပုံကို နှိပ်ပြီး Upload တင်လို့လည်းရပါတယ်...

အဆင်ပြေပါစေ.....