Sunday, June 30, 2013

Android ဖုန်း/Tablet များကို Pattern Lock ဖြုတ်နည်း (Manually)



ပို့စ်ရေးသားသူ- ကိုဇော်သူရိန်ထွန်း
Pattern Lock မေ့နေလို့ Android ဖုန်းပိုင်ရှင်တွေအတွက် Pattern Lock ဖြုတ်နည်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဖြေရှင်းနည်းမရေးခင် သဘောတရားကို အရင်ရှင်းပြပါရစေ။ Android ဖုန်းတွေမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Setting တွေအားလုံးဟာ Database ထဲမှာ သိမ်းထားတာ ဖြစ်ပါတယ်။ Ringtone ကအစ ဘယ်ဖိုင်ကို Ringtone အနေနဲ့သတ်မှတ်ထားတယ်၊ Volume ကို ဘယ်လောက်အထိ တင်ထားတယ်အဆုံး အားလုံးဟာ Database ထဲမှာ ရှိနေပါတယ်။
အခု Pattern Lock ပြဿနာဟာ ဖုန်းရဲ့ Lock Screen ကို Pattern နဲ့ဖွင့်လို့ရအောင် လုပ်မိပြီးကာမှ Pattern ကို မေ့သွားပြီးမှ အခါခါကြိုးစားရင်းနဲ့ မရတဲ့နောက်ဆုံးမှာ ဖုန်းက အလိုလို Lock ချပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ နောက်ကွယ်မှာ တကယ်တမ်းတော့ ဖုန်းရဲ့ Database ထဲမှာ ရှိတဲ့ lockscreen.lockoutpermanently ရဲ့ တန်ဖိုးဟာ အရင် 0 ကနေ 1 ကို ပြောင်းလဲသွားခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒီ 1 ကို 0 ပြန်ပြောင်းနိုင်ရင် ပြေလည်သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် Android ဖုန်းတွေမှာ အဲဒီလို Database အတွင်းပိုင်းကို ပြုပြင်ခွင့်ပေးမထားပါဘူး။ Root လုပ်ထားတဲ့ ဖုန်းတွေမှာသာ ပြုပြင်ခွင့် ရပါတယ်။ ဒါကြောင့် အောက်ပါနည်းလမ်းဟာ Root လုပ်ထားတဲ့ဖုန်းတွေမှာသာ အကျုံးဝင်ပါတယ်။ နောက်ပြီး ADB နဲ့ Command တွေသုံးပြီး ပြုပြင်မှာမို့ ကိုယ့်ဖုန်းဟာ အဲဒီလို ကွန်ပျူတာက Command တွေနဲ့တစ်ဆင့် ခိုင်းစေခွင့်ကို ခွင့်ပြုထားဖို့လိုပါတယ်။ တစ်နည်းအားဖြင့် USB Debugging ကို အမှန်ခြစ် ထားဖို့ လိုပါတယ်။ Lock ကျသွားပြီမှ USB Debugging ကို ဖွင့်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး။ အစကတည်းက USB Debugging ကို ဖွင့်ထားတဲ့
ဖုန်းတွေမှာသာ ရပါလိမ့်မယ်။ ကံကောင်းတာက အတော်များများဟာ USB Debugging ကို ဖွင့်ထားတတ်ကြပါတယ်။
အပေါ်ကအဆင့်တွေနဲ့ ကိုက်ညီပြီဆိုရင် အဆင်ပြေပါပြီ။ အရင်ဆုံး သူ့ရဲ့ settings.db လို့ခေါ်တဲ့ setting database ကြီးကို ကွန်ပျူတာထဲမှာ ကော်ပီကူးယူမယ်။ lockoutpermanently တန်ဖိုးကို 1 ကနေ 0 ပြောင်းမယ်။ ပြီးရင် ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်မယ်။ ဒါလေးပါပဲ။ ဘယ်ဆော့ဖ်ဝဲလ်တွေလိုလဲ
Android Debug Bridge(ADB) လို့ခေါ်တဲ့ Android ဖုန်းတွေကို Command နဲ့ အမိန့်ပေးခိုင်းစေ ပြုပြင်နိုင်တဲ့ Tool တစ်ခုလိုပါတယ် (အဲဒါက Google က
ထုတ်ပေးထားပါတယ်)။ နောက်ပြီး Database ထဲက အချက်အလက်တွေကို ဝင်ပြီးပြင်မှာမို့ Database Management Tool တစ်ခုလည်း လိုပါ့မယ်။ Android
က SQLite Database ကို သုံးထားတာမို့ sqlite ဆိုတဲ့ Database Management Tool တစ်ခု လိုပါတယ်။ နောက်ပြီး ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်နိုင်ဖို့အတွက် ဖုန်းရဲ့ Driver ကို ကွန်ပျူတာထဲမှာ ထည့်သွင်းထားဖို့ လိုပါမယ်။
ဘယ်လိုအရည်အချင်းတွေလိုလဲ
Command Prompt သုံးစွဲနည်းကို သိထားဖို့လိုသလို ADB သုံးစွဲနည်းကို အနည်းငယ်သိထားဖို့လိုပါတယ်။ Database အကြောင်းကိုလည်း တီးမိခေါက်မိ ရှိဖို့လိုပါတယ်။
အောက်က link မှာပေးထားတာကို download အရင်ဆွဲထားပါ။
Zip ဖိုင် က zip
Download လုပ်ဆွဲပြီးပြီဆိုရင် ဇစ်ဖိုင်ကို Extract လုပ်ပါ။ အဲဒီထဲမှာ adb ရယ်၊ sqlite ရယ် ပါဝင်ပါတယ်။
ဖြေရှင်းနည်း
၁။ ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်ပါ။ (Driver မရှိရင်တော့ Driver ကို ကြိုတင်ပြီး Install လုပ်ထားပါ)
၂။ Command Prompt ကိုဖွင့်ပါ။ adb ရှိတဲ့လမ်းကြောင်းဆီသွားပါ။ (ဥပမာ C:\adb) ကိုယ့်ဖုန်းကို adb က သိမသိ စမ်းဖို့လိုပါမယ်။ အဲဒီအတွက် adb devices ဆိုပြီး ရိုက်ထည့်လိုက်ပါ။ devices attached အောက်မှာ ID တစ်ခု ပေါ်လာရင် ဖုန်းကို adb က သိနေပြီ ဖြစ်ပါတယ်။
၃။ adb shell ဆိုပြီး ရိုက်ထည့်ပါ။
၎။ shell@android:/$ ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အတွင်းပိုင်းတွေကို ၀င်ပြင်မှာဖြစ်တာမို့ root access ပြောင်းဖို့လိုပါမယ်။ su ဆိုပြီး ရိုက်ထည့်လိုက်ပါ။
၅။ shell@anroid:/# ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒီလိုမပြောင်းရင်တော့ root မလုပ်ရသေးလို့ ဖြစ်နိုင်ပါတယ်။
၆။ ဖုန်းထဲမှာရှိတဲ့ Database တွေသိမ်းထားတဲ့ Folder ဟာ ပုံမှန်အားဖြင့် ဖတ်လို့မရအောင် ကာကွယ်ထားပါတယ်။ ဒါကြောင့်မို့ chmod command ကို
သုံးပြီး Permission ကို ပြောင်းလဲဖို့ လိုပါတယ်။ အောက်က Command သုံးပြီး လုပ်လိုက်ပါ။
chmod 0777 /data/data/com.android.providers.settings/databases
ဒါဆို data/data/com.android.providers.settings ထဲက databasese ဆိုတဲ့ folder က Permission တွေ ပြုတ်သွားပြီဖြစ်ပါတယ်။ ဖျက်ပစ်တာ၊ ကော်ပီကူးယူတာတွေ လုပ်ခွင့်ရှိသွားပါပြီ။ shell ကနေ Control+C နှိပ်ပြီး ထွက်လိုက်ပါ။
၇။ အဲဒီ databases ထဲက settings.db လို့ခေါ်တဲ့ settings database ဖိုင်ကို ကွန်ပျူတာထဲကို ကူးယူပါမယ်။ အဲဒီအတွက် အောက်က command ကို သုံးပါ။
adb pull /data/data/com.android.providers.settings/databases/settings.db C:\adb
ဒါဟာ settings.db ဖိုင်ကို C:\adb ထဲကို ကူးယူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
၈။ sqlite ကိုသုံးပြီး settings.db ကို ပြုပြင်ပါတော့မယ်။
sqlite3 settings.db လို့ ရိုက်ထည့်လိုက်ပါ။
command prompt ဟာ sqlite> ဆိုပြီး ပြောင်းလဲသွားပါလိမ့်မယ်။ sqlite စအလုပ်လုပ်နေပါပြီ။ .tables ဆိုပြီး ရိုက်ထည့်ကြည့်ပါ။ settings.db ထဲမှာရှိတဲ့
table တွေရဲ့ နာမည်တွေ တွေ့ပါလိမ့်မယ်။
အဲဒီမှာ pattern lock တန်ဖိုးက secure ဆိုတဲ့ table အထဲမှာ သိမ်းထားပါတယ်။ တစ်ချို့ဖုန်းတွေမှာတော့ system ဆိုတဲ့ table ထဲမှာ သိမ်းထားပါတယ်။
အခု ကျွန်တော်စမ်းသပ်ခဲ့တဲ့ ဖုန်းဟာ secret ဆိုတဲ့ table ထဲမှာ သိမ်းထားတာမို့ အဲဒီ table ထဲမှာရှိတဲ့ lockscreen.lockedoutpermanently ရဲ့ တန်ဖိုးကို 0 လို့ ပြောင်းလဲဖို့အတွက် အခုလို command ကို သုံးလိုက်ပါတယ်။
update secret set value=0 where name=’lockscreen.lockedoutpermanently’;
autolock ဖြစ်နေတာကိုလည်း အခုလို command သုံးပြီး ဖြုတ်ပစ်ပါတယ်။
update system set value=0 where name=’lock_pattern_autolock’;
Database ကို ပြုပြင်ခြင်း ပြီးဆုံးသွားပါပြီ။ .quite လို့ ရိုက်ထည့်ပြီး ထွက်လိုက်ပါ။ အခု ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်ပါ့မယ်။
အဲဒီအတွက် အောက်ပါ command ကို သုံးလိုက်ပါ။
adb push settings.db /data/data/com.android.providers.settings/databases/
ပြီးဆုံးပါပြီ။ ကိုယ့်ဖုန်းကို restart လုပ်ကြည့်ပါ။ Patter Lock ကျနေတာ ပျောက်ကွယ်သွားပါလိမ့်မယ်။ အဆင်ပြေကြပါစေ။

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

အွန်လိုင်းမှာနိုင်ငံတကာ ရုပ်သံလိုင်းတွေကြည့်ချင်တဲ့သူတွေအတွက် SopCast V3.8.3 Portable For Windows XP/7/8


ကွန်ပျူတာကိုအသုံးပြုပြီး နိုင်ငံတကာ ရုပ်သံလိုင်းပေါင်းများစွာကိုကြည့်ရှုနိုင်တဲ့ဆော့ဝဲလေးပါ။ Internet တော့ရှိဖို့လိုတာပေါ့နော်။ Windows XP/7/8 အားလုံးမှာအသုံးပြုနိင်ပါတယ်။ မရဘူးလို့ပြောမှာစိုးလို့ ကိုယ်တိုင်ကြည့်ထားတဲ့ပုံလေးတင်ပေးလိုက်ပါတယ်
သူက အခြားအမျီုးစားတော့ မသိဘူး သူက ကြည့်မယ်ဆိုရင် အရင် Download လုပ်ပါတယ် 50 ရာခိုင်နှုန်းကျော်မှ အလုပ်လုပ်ပါတယ်
လိုင်းတွေတော့ တော်တော်စုံပါတယ် ကျွန်တော်က တရုတ်လိုင်း ဖွင့်ပြထားတာပါ။ Portable  ဆိုတော့ Install လုပ်စရာမလိုဘဲအသုံးပြုနိုင်ပါတယ်။ ဆော့ဝဲကို Memory Card တွေ Memory Stick တွေထဲမှာဆောင်ထားပြီး အသုံးပြုနိုင်ပါတယ်။ SopCast v3.8.3 for Windows XP/7/8 ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download>>>>>zippyshare (or)datafilehost
အသုံးပြုနည်းကတော့ SopCast ကိုဖွင့်ပါ
ဒီအတိုင်းလည်း ၀င်လည်းရသလို ကိုယ်ဟာကိုအကောင့်ဖွင့်လည်းရပါတယ် ဒီအတိုင်းဘဲဝင်လိုက်ပါ

အခုလိုမျိုးတွေ့ရပါမယ် Live Channels ကလစ်လိုက်ပါ လိုင်းပေါင်းစုံရှိပါတယ်
ကိုယ်နှစ်တဲ့ လိုင်းအပေါ်မှာ Right ကလစ်ထောက်ပြီးတော့ play ကိုကလစ်လိုက်ပါ
အပေါ်ကကျွန်တော်ကြည့်ခဲ့တဲ့ ရုပ်သံလိုင်းလိုမြင်ရမှာဖြစ်ပါတယ်
အဆင်ပြေပါစေ

Wednesday, June 26, 2013

Favicon ဆိုတာဘာလဲ?






Favicon ဆိုတာ မိမိဆိုဒ်ရဲ့ သင်္ကေတတစ်ခုပါ... ဆိုဒ်နာမည်ရဲ့ဘယ်ဘက်ဘေးမှာ ပေါ်နေတဲ့ Logo လေးကို ပြောတာပါ....
အဲဒါကို ဘယ်လိုထည့်မလဲ....
Faviconကို Bloggerထဲမှာ ထည့်မယ်ဆိုရင် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ..

    Faviconပုံတွေကို သင်ကိုယ်တိုင် Image Editor/ Photo Editorဖြင့် ဖန်တီးနိုင်ပါသည်။ ဥပမာ - Photoshopစသည်ဖြင့် ပြုလုပ်နိုင်ပါသည်။ Internetထဲမှာလည်း ရှာနိုင်ပါသည်။ မရှာပါနဲ့တော့။ အခု ကျွန်တော်ပေးတဲ့ Websiteမှ ယူနိုင်ပါသည်။ ၄င်းတွင် မိမိကိုယ်တိုင်လည်း ဖန်တီးနိုင်ပါသည်။ ကျွန်တော်ကတော့ ပြင်းလို့ သူပေးထားတဲ့ Lastest Faviconsကိုပဲယူပါတယ်။
1. Blogger > Layout > Edit HTML > Expand Widgetကို အမှန်ခြစ်ပြဖို့ မမေ့ပါနဲ့။
    ထို့နောက် အောက်ပါ Codeကိုရှာပါ။


<b:skin><![CDATA[/*
2.တွေ့ပြီဆိုရင်အဲဒီCode အပေါ်မှာ အောက်က Code ကို ထည့်ပေးလိုက်ပါ...
<link href='Your Favicon URL' rel='shortcut icon'/> 
3.အဲဒီနောက် Your Favicon URLနေရာမှာ မိမိကြိုက်နှစ်သက်တဲ့ Faviconပုံရဲ့ linkကို ထည့်သွင်းရမှာ ဖြစ်ပါတယ်.... ကဲ ဒီwebsite ကို ထပ်သွားပါ။ Latest Favicon ကိုနှိပ်ပါ။
မိမိကြိုက်နှစ်သက်တဲ့ Faviconကိုနှိပ်လိုက်ပါ။ ပုံအကြီးနှင့် အသေးရှိပါတယ်။ အသေးပေါ်တွင် Right-clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။
Location မှ Linkကို Selectလုပ်ပြီး Copyလုပ်ပါ။
Your Favicon URLနေရာမှာ မိမိ Copy လုပ်ထားတဲ့ Linkကို အစားထိုးသွင်းလိုက်ပါ။
Save Templateဖြင့် အဆုံးသတ်ပါ။ ဒါဆို Faviconအကြောင်းကို သိသင့်သလောက် သိပြီပေါ့။

ဒါက Code သုံးပြီးလုပ်တာပါ....

4.Layout ထဲက  Favicom ကို Edit လုပ်ပြီးလိုက်ရင် ပုံတင်ဖို့ Browse တွေ့လိမ့်မယ် ..
အဲဒီမှာ ကိုယ့်ကွန်ပျူတာထဲက ပုံကို နှိပ်ပြီး Upload တင်လို့လည်းရပါတယ်...

အဆင်ပြေပါစေ.....

Blog Page မှာ ပုံနှင့် ဗွီဒီယိုဖိုင်များတင်ခြင်း



1.ဓါတ်ပုံတင်မယ်ဆိုရင်.
ဘလော့ရဲ့ ပို့စ်ရေးတဲ့စာမျက်နှာထဲမှာ ကိုတင်ချင်တဲ့ နေရာမှာ ကလစ်တစ်ချက်နှိပ်လိုက်ပြီး Formatting Bar က Insert Image ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်..

ဒါဆိုရင်တော့ ဒီလို Select a file ဆိုတဲ့ဘောက်တစ်ခုကျလာပါမယ်..

ဒီဘောက်ထဲမှာ ဘယ်ဘက်အခြမ်းက Upload ဆိုတာက ကွန်ပျူတာက ပုံကို တင်ဖို့ပါ.. အဲဒါကိုနှိပ်ထားရင် ညာဘက်မှာ Choose Files ဆိုတာပေါ်ပါတယ်.. Choose Files ကိုနှိပ်ရင် ဘောက်တစ်ခုထွက်လာပြီး အဲဒီဘောက်ထဲမှာ ကိုယ်တင်မယ့် ဓါတ်ပုံရှိရာကိုသွား. တင်မယ့်ဓါတ်ပုံကို တစ်ချက်နှိပ်ပြီး Open ကိုနှိပ်ရပါမယ်..
ခဏနေရင် Select a file ဆိုတဲ့အကွက်ထဲကို တင်လိုက်တဲ့ဓါတ်ပုံရောက်လာပါပြီ.. ဓါတ်ပုံကို တစ်ချက်နှိပ်ပြီး Add selected ဆိုတာကိုနှိပ်လိုက်ရင် Page ထဲကို ဓါတ်ပုံရောက်လာပါပြီ

နောက်တစ်ခုက From this blog ဆိုတာပါ.. ဒါက ဒီဘလော့ထဲမှာ အရင်ကတင်ပြီးသားပုံရှိရင် အဲဒီပုံကိုပဲ သုံးမယ်ဆိုတာကိုပြောတာပါ..
ဒါတွေကို မပြောတော့ပဲ အသုံးများတာကိုပဲပြောပါတော့မယ်..
From a URL ဆိုတာပါ... ဒါကတော့ အင်တာနက်ပေါ်က ဓါတ်ပုံတွေရဲ့ URL လိပ်စာကို ထည့်ပေးရပါမယ်.. အဲဒါကတော့ Website ပေါ်က ဓါတ်ပုံတွေကို ညာကလစ်ထောက်ပြီး Copy image location ကိုနှိပ် (သို့မဟုတ်) ဓါတ်ပုံကိုနှိပ်လိုက်ပြီး အပေါ် address bar က url ကိုကူးပြီး Paste ချပေးလိုက်ပါ.. ဒါဆိုရင် Select a file ဆိုတဲ့ဘောက်ထဲကို ဓါတ်ပုံရောက်လာမှာဖြစ်ပါတယ်.. ရောက်လာရင်တော့ Add selected ဆိုတာကို နှိပ်ပေးလိုက်ရင် Post ထဲကို ဓါတ်ပုံရောက်လာမှာပါ..

ရောက်လာတဲ့ဓါတ်ပုံကို တစ်ချက်နှိပ်လိုက်ရင် ပုံရဲ့အောက်နားလေးမှာ Small-Medium-Large- X-large - Original size ဆိုပြီး ဓါတ်ပုံရဲ့ အရွယ်အစားကို ရွေးလို့ရပါတယ်.. သာမန်အားဖြင့်တော့ Medium ကို ရွေးပေးလေ့ရှိပါတယ်.. အဲဒါနဲ့ တစ်တန်းတည်းပဲ. left-Center-Right တစ်ခုခုကိုနှိပ်ပြီး ဓါတ်ပုံကို ဘယ်လိုထားမလဲဆိုတာကိုရွေးပေးနိုင်ပါတယ်..

2. ဗွီဒီယိုဖိုင်တင်ဖို့ကလည်း ဓါတ်ပုံတင်တာနဲ့ အတူတူပါပဲ.. ခုနက ဓါတ်ပုံတင်ဖို့ရွေးခဲ့တဲ့ Insert Image ဆိုတဲ့ပုံရဲ့ ညာဘက်မှာ Insert a video ဆိုတာကိုနှိပ်လိုက်ရပါမယ်..


ဒါဆိုရင် Select a file ဆိုတဲ့ဘောက်ကျလာမှာဖြစ်ပါတယ်.. ဓါတ်ပုံတင်ခဲ့သလို ဘယ်ဘက်က Upload ကိုတစ်ချက်ရွေး. ညာဘက်က Choose a video to upload ကိုနှိပ် ကိုယ့်ကွန်ပျူတာထဲက Video ဖိုင်ကို ရွေးပြီး Open ကိုနှိပ်ပေးရမှာပါ.. From Youtube ဆိုတာမှာတော့ Youtube က ကိုလိုချင်တဲ့ Video ဖိုင်ရဲ့ URL လင့်ကို ထည့်ပေးလိုက်ရုံပါပဲ.. ပုံမပြတော့ဘူးနှော်.. သဘောပေါက်မှာပါ.. အကျယ်တော့ မရှင်းပြတော့ဘူးဗျာ.. ဒါလေး လုပ်ရင်းနဲ့ သိလာပါလိမ့်မယ်..

အဆင်ပြေပါစေ...

Tuesday, June 25, 2013

Blog မှာ Read More Button ထည့်နည်း..







ဘလော့ကို နည်းနည်းအတွေ့အကြုံရလာပြီးသူတွေအတွက် ဒီပို့စ်က သိပ်တန်ဖိုးမရှိပေမယ့် ဘလော့ကို ခုမှ စလုပ်သူတွေအတွက်တော့ အသုံးဝင်မယ့်ပို့စ်တစ်ခုပါ.

များသောအားဖြင့် တန်းပလိတ်လဲတတ်ပြီဆိုရင် Auto Read More Button ပါတဲ့ တန်းပလိတ်နဲ့ Menu ပါတဲ့ တန်းပလိတ်ကိုရှာဖွေပြီး လဲတတ်ကြပါတယ်..
(တန်းပလိတ်အစားထိုးနည်း ဒီမှာ ကြည့်ပါ..)
ဒါပေမယ့် ကိုယ်ကြိုက်တဲ့ တန်းပလိတ်က Read More အဆင်သင့်မပါလာဘူး.. junp break ခေါက်လိုက်လို့ ပေါ်လာတဲ့ Read More ကလည်း Button လေးနဲ့မဟုတ်ဘူး. ဒါပေမယ့် ကိုယ်က Read More ကို Button လေးနဲ့
လုပ်ချင်တယ်ဆိုရင် အောက်မှာပေးထားတဲ့နည်းကို တစ်ဆင့်ချင်းလုပ်သွားလိုက်ပါ.

1. Blogger Singin ၀င်လိုက်ပါ။

2. DASHBOARD မှာ ကိုယ့်ရဲ့ဘလော့ကို ရွေးလိုက်ပါ.. ဆိုလိုတာက တစ်ယေက်တည်း ဘလော့တွေ ၁ ခုမက ရှိနေတတ်လို့ပါ..
3. Template ကို တစ်ချက်နှိပ်ပါ.. (blog တစ်ချို့မှာတော့ Layout ကိုနှိပ်ရပါတယ်..)



4.EDIT HTML  ကိုနှိပ်ပါ.... Process ကိုထပ်နှိပ်လိုက်ပါ..


5.ပေါ်လာတဲ့ဘောက်ရဲ့ ဘယ်ဘက်အပေါ်နားလေးမှာ EXPAND WIDGET TEMPLATES ကိုအမှန်ခြစ်ပေးလိုက်ပါ.


6.ခဏစောင့်ပြီး အဲဒီ Edit HTML ဘောက်ထဲကို ကလစ်တစ်ချက်နှိပ်ပြီး ကာဆာ ချထားလိုက်ပါ..Ctrl+F ကိုနှိပ်ပြီး Find Box ဘောက်ထဲမှာ


</head>  ထည့်ပြီးကိုရှာပါ...


တွေ့ပြီဆိုရင်</head>အောက်မှာ အောက်က Code ကိုထည့်ပေးလိုက်ပါ၊


<script type='text/javascript'>
var thumbnail_mode = &quot;float&quot; ;
summary_noimg = 230;
summary_img = 140;
img_thumb_height = 100;
img_thumb_width = 100;
</script>
<script src='http://keerthiset2.110mb.com/excerpt.js' type='text/javascript'/> 


7.ပြီးရင် အောက်က Code ကိုထပ်ရှာပါ၊


<data:post.body/>


တွေ့ပြီဆိုရင်<data:post.body/>  ကို အောက်က Code နဲ့အစားထိုးပေးလိုက်ပါ။။


<b:if cond='data:blog.pageType == &quot;item&quot;'>
<data:post.body/>
<b:else/>
<div expr:id='&quot;summary&quot; + data:post.id'>
<data:post.body/>
</div>
<script type='text/javascript'>
createSummaryAndThumb(&quot;summary<data:post.id/>&quot;);
</script>
<div style='clear: both;'/>
<span style='padding-top:5px;;float:right;text-align:right;'>

<a expr:href='data:post.url' rel='bookmark'><b>Read More </b></a></span>
</b:if> 


ဒါဆိုရင်တော့ Auto Read More ထည့်ပြီးသွားပါပြီ. jump break မခေါက်ဘဲနဲ့ Read More ဆိုတာလေးကို မြင်ရမှာဖြစ်ပါတယ်..

ထည့်ပြီးရင် တော့ Preview နဲ့ ကြည့်လိုက်ပါအုံး..
အခုချိန်မှာ Read More ဆိုတဲ့စာသားလေးပဲတွေ့ရမှာပါ.. error မပေါ်ဘူးဆိုရင် Save template ကို နှိပ်လိုက်ပြီးခဏစောင့်လိုက်ပါ..
ကောင်းပြီ.. အဲဒီ Read More ဆိုတဲ့စာလေးကို ထပ်ပြီး ပုံလေးနဲ့ အစားသွင်းရအောင်


Read More စာသားကို ပုံလေးနဲ့ အစားသွင်းခြင်း

တန်းပလိတ်မှာ Auto Read More ပါလာတဲ့သူတွေက အပေါ်ကအဆင့် 6 နဲ့ 7 ကို လုပ်စရာမလိုပါဘူး.
အပေါ်မှာပြောခဲ့သလို အဆင့် (1)ကနေ (5)ထိ ၀င်ပြီးသွားပြီဆိုရင်
1. Ctrl+F ကိုနှိပ်ပြီး Find Box ဘောက်ထဲမှာ Read More ကို ထည့်ပြီးရှာလိုက်ပါ..
2. တွေ့ပြီဆိုရင် Read More ကို အောက်က လင့်နဲ့ အစားထိုးလိုက်ပါ..
<img src=' http://www.fileden.com/files/2012/4/30/3298584/dark-orange.gif '/> 
ဒါဆိုရင် ဒီလိုလေးဖြစ်သွားမယ်..
<a expr:href='data:post.url'><img src=' http://www.fileden.com/files/2012/4/30/3298584/2-mini-allblogtools.gif '/> </a></span>
ဟုတ်ရဲ့လား..
ကဲ Preview ကိုကြည့်လိုက်ရင် လန်းနေတာတွေ့ရမှာပါ..
အဲဒီ Read More Button ကို မကြိုက်သေးဘူးဆိုရင် http://www.fileden.com/files/2012/4/30/3298584/2-mini-allblogtools.gif ဆိုတဲ့နေရာမှာ အောက်က ပုံတွေထဲက ကိုယ်ကြိုက်တဲ့ ပုံရဲ့ လင့်ကို အစားထိုးပေးလိုက်ပါ..
http://www.fileden.com/files/2012/4/30/3298584/original.gif


http://www.fileden.com/files/2012/4/30/3298584/green.gif
 

http://www.fileden.com/files/2012/4/30/3298584/green1.gif
 
http://www.fileden.com/files/2012/4/30/3298584/black.gif

http://www.fileden.com/files/2012/4/30/3298584/light-orange.gif

http://www.fileden.com/files/2012/4/30/3298584/dark-orange.gif
http://www.fileden.com/files/2012/4/30/3298584/black1.gif
http://www.fileden.com/files/2012/4/30/3298584/blue.gif
http://www.fileden.com/files/2012/4/30/3298584/blue1.gif
http://www.fileden.com/files/2012/4/30/3298584/blue-dark.gif
http://www.fileden.com/files/2012/4/30/3298584/blue.png
http://www.fileden.com/files/2012/4/30/3298584/dark-grey.gif
http://www.fileden.com/files/2012/4/30/3298584/greenish.png
http://www.fileden.com/files/2012/4/30/3298584/grey.gif
http://www.fileden.com/files/2012/4/30/3298584/light-blue.png
http://www.fileden.com/files/2012/4/30/3298584/pink.png
http://www.fileden.com/files/2012/4/30/3298584/purple.gif
http://www.fileden.com/files/2012/4/30/3298584/purple.png
http://www.fileden.com/files/2012/4/30/3298584/purple1.gif
http://www.fileden.com/files/2012/4/30/3298584/red.png
http://www.fileden.com/files/2012/4/30/3298584/red1.gif
http://www.fileden.com/files/2012/4/30/3298584/red-dark.gif

ဒါဆိုရင်တော့ Read More Button လေးနဲ့ လန်းသွားပြီပေါ့..

( Read More Button တွေကို အောက်ကလင့်တွေမှာ ဒေါင်းပြီး ကိုယ့်ကိုယ်ကို တင်ပြီးတော့ လင့်ယူရင်လည်း ရပါတယ်....
Download Read More Buttons >> Mediafire or Ziddu or SendSpace or Tusfiles or 
                                         Solidfiles

တစ်ခုတော့ ထပ်ပြောချင်သေးတယ်.. ကျွန်တော်ပြောတဲ့နည်းကိုလုပ်ပြီး Read More က တော့ အဆင်ပြေသွားတယ်..  ဒါပေမယ့် Post ရဲ့ ပုံလေးတွေက ငယ်နေပြီး စာသားတွေကလည်း ၃/၄ ကြောင်းလောက်ပဲပေါ်တယ်. အဲဒါကို မကြိုက်ဘူးဆိုရင်..


1. Ctrl + F နဲ့ အောက်က စာသားတွေကို တစ်ကြောင်းချင်း လိုက်ရှာပြီး အနီရောင် ပြထားတဲ့ တန်ဖိုးတွေကို ပြောင်းကြည့်ပြီး Preview နဲ့ ကြည့်ပါ.. ကြိုက်ရင်တော့ Save template ပေါ့


summary_noimg = 230;

summary_img = 140;
img_thumb_height = 100;
img_thumb_width = 100;



အဆင်ပြေသွားပြီလားဗျာ...

ဘလော့မှာ Table Of Contents ( Site Map ) အလွယ်ထည့်နည်း


ဘလော့တစ်ခုရဲ့ အရေးပါတဲ့ အစိပ်အပိုင်းတွေထဲက
တစ်ခုကို ပြောပါဆိုရင် Site Map လို့ပဲခေါ်ခေါ်
Table Of Contents ( TOC ) လို့ပဲခေါ်ခေါ်
ရေးခဲ့ပြီးသမျှ ပို့စ်တွေအားလုံးကို Page တစ်ခုထဲမှာ
တစ်ပေါင်းတစ်စည်းတည်း ဖေါ်ပြပေးတဲ့ Page လေးတစ်ခုဟာ
ကိုယ့်ဘလော့ကို အလည်လာတဲ့ မိတ်ဆွေတွေအတွက်
အချိန်ကုန်သက်သာစေသလို ကိုယ်လိုချင်တာကို အလွယ်တကူနဲ့ ရှာဖွေနိုင်မှာပါ
Dear Visitor,
I've shared a technique on creating a table of content or site map for a blogger in this post.
If you're not the one who doesn't know Myanmar Language, you can read this post in English
at the end of the post in Myanmar Language.
Thanks for visit. :)


ဒါ့အပြင် Site Map မထားတဲ့ ဘလော့တစ်ခုနဲ့ Site Map ထားတဲ့ ဘလော့တစ်ခုအပေါ်
Search Enging တွေရဲ့ ရှာဖွေတွေ့ရှိနိုင်စွမ်းကလည်း မိုးနဲ့မြေလို ကွာခြားပါတယ် ..

ကဲ .. ဒီပို့စ်မှာတော့ Site Map တစ်ခု အလွယ်တကူတည်ဆောက်နိုင်မယ့် နည်းပညာလေးတစ်ခုကို
မျှဝေပေးချင်ပါတယ် ...

ဒီနည်းလေးရဲ့ Demo ကို ကြည့်ချင်သေးတယ်ဆိုရင်တော့ ကျွန်တော့်ဘလော့ရဲ့ Menu ထဲက Site Map ကိုပဲဖြစ်ဖြစ် " ရေးထားသမျှ ဒီနေရာမှာရှိပါတယ် " ဆိုတဲ့ ညာဖက်က Sidebar လေးကိုဖြစ်ဖြစ် ကလစ်လိုက်ပါ ..
ကဲ .. သဘောကျရင် စလိုက်ကြစို့ ..

အရင်ဆုံး Blogger ကို Log in ၀င်လိုက်ပါ ..
ပြီးရင် Pages ကိုသွားပါ ..
New Page ကနေ Blank Page ကိုယူပါ ..
ပွင့်လာတဲ့ Blank Page ကို ကိုယ်ကြိုက်တဲ့ Title ပေးပါ .. ဥပမာ .. Table of content တို့ Site Map တို့ ရေးပြီးသမျှ တို့ .. အဲဒီလိုပေါ့
ပြီးရင်တော့ အဲဒီ Page ရဲက HTML Mode ကိုနှိပ်ပါ ..
ပြီးရင် အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ ..

<style type="text/css">
    #toc{

    width:99%;

    margin:5px auto;

    border:1px solid #2D96DF;
    -webkit-box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);
    -moz-box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);
    box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);

    }
    .labl{

    color:#FF5F00;

    font-weight:bold;

    margin:0 -5px;

    padding:1px 0 2px 11px;
    background:-moz-linear-gradient(right,#C2EAFE 0%,#055A85 40%);
    background:-webkit-gradient(linear,left 10,right 80,color-stop(0.20,#055A85),color-stop(1,#C2EAFE));
    border:1px solid #2D96DF;

    border-radius:4px;-moz-border-radius:4px;
    -webkit-border-radius:4px;box-shadow:3px 3px 1px #bbb;
    -moz-box-shadow:3px 3px 1px #bbb;-webkit-box-shadow:3px 3px 1px #bbb;display:block;

    }
    .labl a{

    color:#fff;

    }
    .labl:first-letter{t

    ext-transform:uppercase;

    }
    .new{

    color:#FF5F00;

    font-weight:bold;

    font-style:italic;

    }
    .postname{

    font-weight:normal;

    background:-moz-linear-gradient(right,#C2EAFE 0%,#fff 40%);
    background:-webkit-gradient(linear,left 80,right 10,color-stop(0.60,#fff),color-stop(1,#C2EAFE));

    }
    .postname li{

    border-bottom: #ddd 1px dotted;

    margin-right:5px

    }
    </style>
    <div id="toc"><script type="text/javascript" src="http://bloggerprofessionals.googlecode.com/files/MyTOC.js"></script>
    <script src="http://www.itmotesoeway.blogspot.com/feeds/posts/default?max-results=9999&amp;alt=json-in-script&amp;callback=loadtoc">
    </script></div>

အနီရောင်နဲ့ရေးထားတဲ့ လင့်နေရာမှာ ကိုယ့်ဘလော့ရဲ့ URL ကို ပြောင်းထည့်ပေးရပါမယ့် ..
ဒီနေရာမှာ www. ဆိုတာလေး မပါရင် တစ်ခါတစ်ခါ Error တက်တတ်ပါတယ်
ပြီးရင်တော့ Publish လုပ်လိုက်ပေါ့ ..
အော် .. တစ်ခုကျန်သေးတာက .. အခု Page မှာ Comment မပေးစေချင်ရင် ညာဖက်က Options ထဲမှာ ၀င်ပြင်ပေးလို့ရပါတယ်
ကျွန်တော့်အယူအဆကတော့ ၀င်ရှာလို့လွယ်စေချင်ယုံပဲမို့ Comment ကို not allow ပေးထားသင့်တယ် ထင်တာပါပဲ ..
ဘာပဲ ဖြစ်ဖြစ် ပြဿနာ မရှိပါဘူးလေ ..
ကဲ .. အဆင်ပြေကြပါစေဗျာ

Table of content is an important page for a blogger.
So, if you wish to create a table of content or site map for your blogger ( blogspot)
follow the steps below.
1. Log in blogger.
2. Go to Pages and choose New page >> Blank page.
3. Name the title of the new page as you like, i.e, Table Of Content or Site Map, e.t.c.
4. Click on HTML mode.
5. Copy and paste the code given below.

<style type="text/css">
    #toc{

    width:99%;

    margin:5px auto;

    border:1px solid #2D96DF;
    -webkit-box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);
    -moz-box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);
    box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);

    }
    .labl{

    color:#FF5F00;

    font-weight:bold;

    margin:0 -5px;

    padding:1px 0 2px 11px;
    background:-moz-linear-gradient(right,#C2EAFE 0%,#055A85 40%);
    background:-webkit-gradient(linear,left 10,right 80,color-stop(0.20,#055A85),color-stop(1,#C2EAFE));
    border:1px solid #2D96DF;

    border-radius:4px;-moz-border-radius:4px;
    -webkit-border-radius:4px;box-shadow:3px 3px 1px #bbb;
    -moz-box-shadow:3px 3px 1px #bbb;-webkit-box-shadow:3px 3px 1px #bbb;display:block;

    }
    .labl a{

    color:#fff;

    }
    .labl:first-letter{t

    ext-transform:uppercase;

    }
    .new{

    color:#FF5F00;

    font-weight:bold;

    font-style:italic;

    }
    .postname{

    font-weight:normal;

    background:-moz-linear-gradient(right,#C2EAFE 0%,#fff 40%);
    background:-webkit-gradient(linear,left 80,right 10,color-stop(0.60,#fff),color-stop(1,#C2EAFE));

    }
    .postname li{

    border-bottom: #ddd 1px dotted;

    margin-right:5px

    }
    </style>
    <div id="toc"><script type="text/javascript" src="http://bloggerprofessionals.googlecode.com/files/MyTOC.js"></script>
    <script src="http://www.itmotesoeway.blogspot.com/feeds/posts/default?max-results=9999&amp;alt=json-in-script&amp;callback=loadtoc">
    </script></div>

Note >> Replace the link in red color with your blog's URL.
6. Publish the page and link the URL of the page with something, i.e, with your menu or other.
In my blog, I've linked the page with 'Site Map" in my menu.
You're done.
Be enjoy.

ဘလော့မှာ Related Posts လေး အလွယ်ထည့်နည်း


Blog တွေမှာ Visitor တွေကို အဆင်ပြေစေမယ့်
Widget တွေအနက်က တစ်ခုဖြစ်တဲ့ Related Posts
ထည့်နည်းလေးကို မျှဝေပေးချင်ပါတယ် ..

Related Posts တွေမျိုးစုံရှိပါတယ် ..
Thumbnail လေးတွေနဲ့အတူ ဆက်စပ်ပို့စ်တွေကို
ဖော်ပြပေးတဲ့ Widget မျိုးလေးတွေရှိသလို ရိုးရိုးရှင်းရှင်းနဲ့
ပို့်စ်ခေါင်းစဉ်လေးတွေကိုပဲ ဖော်ပြပေးတဲ့ Widget လေးတွေပေါ့
ကျွန်တော်ကတော့ ကွန်နက်ရှင်လုံးဝမကောင်းတဲ့ အရပ်ဒေသမှာ နေတဲ့လူဖြစ်လို့
အတတ်နိုင်ဆုံး ဘလော့ရဲ့ Loading Time ကို လျှော့ချချင်တာဖြစ်တဲ့အတွက်
ပုံလင့်တွေချိတ်နေချိန်လေးသက်သာအောင် ရိုးရိုးတန်းတန်းပဲ ပို့စ်ခေါင်းစဉ်လေးတွေကိုပဲ
ဖော်ပြပေးတဲ့ Related Posts Widget ကို သဘောကျပါတယ် ..


ကဲ .. အခု ကျွန်တော့်ဘလော့မှာ သုံးထားတဲ့ Related Posts လေး ထည့်သွင်းပုံကို
မျှဝေပေးပါ့မယ် ..
အရင်ဆုံး Blogger မှာ Login ၀င်လိုက်ပြီပေါ့ ..
Template ကိုသွားပါ ..
HTML ကို ပြင်ရမှာမို့ အမှားအယွင်းတစ်စုံတစ်ရာအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့
ညာဖက်အပေါ်ဒေါင့်နားလေးက Backup/Restore template ကို နှိပ်ပြီး ပွင့်လာတဲ့ထဲက
Download Full template ကိုနှိပ်ပြီး ကိုယ့်ရဲ့ Template ကို ဒေါင်းယူထားလိုက်ပါဦး ..
ပြီးရင် Edit HTML ကိုနှိပ်ပါ ..
ပြီးရင် </head> ဆိုတာကို ရှာပါ ..
အလွယ်တကူရှာချင်ရင် HTML ကုဒ်တွေရဲ့ အပေါ်ဆုံးစာကြောင်းမှာ ကလစ်တစ်ချက်နှိပ်ပြီး
Ctrl ကီးနဲ့ F ကီးကို တွဲနှိပ်လိုက်ရင် ညာဖက်အပေါ်ဒေါင့်နားမှာ Search box လေးပေါ်လာပါမယ်
အဲဒီထဲမှာ ကိုရှာချင်တာကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ .. ကိုယ်ရှာတဲ့ စာလုံးကို အရောင်လေးခြယ်ပြီး ပြန်လာပါလိမ့်မယ် ..
</head>ကိုတွေ့ပြီဆိုရင်တော့ သူရဲ့ အပေါ်မှာ ( အပေါ်မှာ နေရာလွတ်မရှိရင်လည်း
</head> ရဲ့ရှေ့မှာ ကလစ်တစ်ချက်နှိပ်ပြီး Enter နှိပ်လိုက်ရင် </head> က အောက်တစ်ကြောင်းဆင်းသွားတာမို့ အပေါ်မှာ နေရာလွတ်ဖြစ်သွားပါမယ် ..
ကဲ .. ရပြီဆိုရင် </head> ရဲ့အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ ..



 <!--RelatedPostsStarts--><style>
#related-posts {
float : left;
width : 540px;
margin-top:20px;
margin-left : 5px;
margin-bottom:20px;
font : 11px Verdana;

}
#related-posts .widget {
list-style-type : none;
margin : 5px 0 5px 0;
padding : 0;
}
#related-posts .widget h2, #related-posts h2 {
color : #940f04;
font-size : 20px;
font-weight : normal;
margin : 5px 7px 0;
padding : 0 0 5px;
}
#related-posts a {
color : #7AA1C3;
font-size : 11px;
text-decoration : none;
}
#related-posts a:hover {
color : #F49F04;
text-decoration : underline;
}
#related-posts ul {
border : medium none;
margin : 10px;
padding : 0;
}
#related-posts ul li {
display : block;
background : url(&quot;https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZRrZLaLktFv1QItm57proX1E_qmR2GF6LmZkXChD6Xn0MaQzRBG-nQgmLpuK3NcZ1z7bug1P61O59mY0V-asWFLvt9AqTqvT5MbXrhhnLoxCW8FfHOpauGu6LhVcfy0X6r9KDtfTm8H4/s400/related-post.png&quot;) no-repeat 0 0;
padding-top : 0;
padding-right : 0;
padding-bottom : 2px;
padding-left : 20px;
margin-bottom : 5px;
line-height : 2em;
border-bottom:1px dotted #cccccc;
}

</style>
<script language='JavaScript'>//<![CDATA[
var relatedTitles = new Array();
var relatedTitlesNum = 0;
var relatedUrls = new Array();
function related_results_labels(json) {
for (var i = 0; i < json.feed.entry.length; i++) {
var entry = json.feed.entry[i];
relatedTitles[relatedTitlesNum] = entry.title.$t;
for (var k = 0; k < entry.link.length; k++) {
if (entry.link[k].rel == 'alternate') {
relatedUrls[relatedTitlesNum] = entry.link[k].href;
relatedTitlesNum++;
break;
}
}
}
}
function removeRelatedDuplicates() {
var tmp = new Array(0);
var tmp2 = new Array(0);
for(var i = 0; i < relatedUrls.length; i++) {
if(!contains(tmp, relatedUrls[i])) {
tmp.length += 1;
tmp[tmp.length - 1] = relatedUrls[i];
tmp2.length += 1;
tmp2[tmp2.length - 1] = relatedTitles[i];
}
}
relatedTitles = tmp2;
relatedUrls = tmp;
}
function contains(a, e) {
for(var j = 0; j < a.length; j++) if (a[j]==e) return true;
return false;
}
function printRelatedLabels() {
var r = Math.floor((relatedTitles.length - 1) * Math.random());
var i = 0;
document.write('<ul>');
while (i < relatedTitles.length && i < 20) {
document.write('<li><a href="' + relatedUrls[r] + '">' + relatedTitles[r] + '</a></li>');
if (r < relatedTitles.length - 1) {
r++;
} else {
r = 0;
}
i++;
}
document.write('</ul>');
}
//]]>
</script><!--RelatedPostsStops-->


ပြီးရင် <div class='post-footer-line post-footer-line-3' /> ဆိုတာကို ထပ်ရှာပါ ..
( Search Box မှာ တစ်ခါတစ်ခါ ကုဒ်အားလုံးထည့်ရှာလို့မရရင် တစ်လုံးချင်း လျှော့လျှော့သွားပြီး လိုက်ရှာပါ )
တွေ့ပြီဆိုရင် သူရဲ့အောက်ကိုတစ်ကြောင်းချင်း ဆင်းကြည့်ပါ
</div>
</div>
အဲဒီလိုဆုံးနေတဲ့နေရာရဲ့ အောက်တစ်ကြောင်းမှာ အောက်ကကုဒ်တွေကို ကော်ပီကူးထည့်ပေးလိုက်ပါ ..



<!--RELATED-WIDGET-STARTS-->

<b:if cond='data:blog.pageType == &quot;item&quot;'>
<div id='related-posts'>

<font color='#7AA1C3' face='Arial' size='3'><b>Related Posts: </b></font><font color='#ffffff'><b:loop values='data:post.labels' var='label'><data:label.name/><b:if cond='data:label.isLast != &quot;true&quot;'>,</b:if><b:if cond='data:blog.pageType == &quot;item&quot;'>

<script expr:src='&quot;/feeds/posts/default/-/&quot; + data:label.name + &quot;?alt=json-in-script&amp;callback=related_results_labels&amp;max-results=4&quot;' type='text/javascript'/></b:if></b:loop> </font>

<script type='text/javascript'> removeRelatedDuplicates(); printRelatedLabels();

</script>
</div></b:if>
<!--RELATED-WIDGET-STOPS-->


ကုဒ်တွေထဲက ကျွန်တော် အနီရောင်နဲ့ခြယ်ထားတဲ့ ဆိုတာလေးက Related Posts စုစုပေါင်း ဘယ်လောက်ပြရမယ်လို့ သတ်မှတ်ထားတာပါ ..အတိုးအလျှော့ကို ပြုပြင်ပေးလို့ရပါသေးတယ်
ကော်ပီကူးထည့်ပေးလိုက်တဲ့ကုဒ်တွေရဲ့အောက်မှာ </b:includable> ဆိုတာလေးကိုတွေ့ရင် ကုဒ်ထည့်တာမှန်ပါတယ် (အောက်ကပုံမှာ ကြည့်ပါ)


ကုဒ်တစ်ချို့အနီရောင်ပြောင်းသွားရင်တော့ ကုဒ်ထည့်တဲ့နေရာ မှားပါတယ် ..
ကုဒ်ထည့်တာမမှန်ရင် အပေါ်နားလေးက Preview Template ကို နှိပ်ကြည့်လိုက်လို့ ဘလော့ပွင့်လာနိုင်တယ်ဆိုရင် ကုဒ်ထည့်တာမှန်ပါတယ် .. ကုဒ်ထည့်တာမှားရင်တော့ Error ဖြစ်တဲ့နေရာကို ပြပါလိ့မယ်
အဲဒီအခါ ဘာမှမလုပ်တတ်ရင် ဘယ်ဖက်အပေါ်ဒေါင့်နားလေးက Back ကိုနှိပ်လိုက်ပါ .. Save မလုပ်ရသေးကြောင်း Box တက်လာရင် Ok ကိုနှိပ်ပေးလိုက်ပါ
ဒါဆိုရင် Template ဟာ အရင်အတိုင်း ပြန်ဖြစ်သွားမှာပါ .. ပြီးမှ အစကနေ ပြန်ဝင်ပေါ့ ..

ကဲ .. အားလုံးအဆင်ပြေပြေနဲ့ ပြီးသွားပြီဆိုရင်တော့ Save Template ကို နှိပ်ပေးလိုက်ရုံပေါ့ ..
ပြီးသွားရင်တော့ View Blog ကနေ ကိုယ့်ဘလော့ကို ၀င်ပြီး Post တစ်ခုကိုနှိပ်ကြည့်လိုက်ပေါ့ ..
အဲဒီပို့စ်ရဲကအောက်မှာ Related Posts လေးတွေ ပေါ်နေတာကို တွေ့နိုင်ပါပြီ
အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

Blog တစ်ခုအတွင်း ဘောင်ခပ်ခြင်းအထွေထွေ


ဘလော့ Template တစ်ခုလုံးကိုပဲဖြစ်ဖြစ် ဘလော့ Template ထဲက Widget တစ်ခုချင်းစီကိုပဲဖြစ်ဖြစ်
ကိုယ်နှစ်သက်သလို ဘောင်ခပ်တဲ့ နည်းပညာလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..
အရင်ဆုံး Template ကြီး တစ်ခုလုံးကို ဘောင်ခပ်တဲ့နည်းကို မျှဝေပေးပါ့မယ်
ဒီနည်းရဲ့ နမူနာ ( Demo ) ကို ကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော်အခုသုံးထားတဲ့ Template ကြီးတစ်ခုလုံးရဲ့ ဘေးပတ်ပတ်လည်မှာခပ်ထားတဲ့ ဘောင်ကိုသာ ကြည့်လိုက်ကြပါလို့ ..


ကဲ .. အရင်ဆုံး Blogger ကို Lon in ၀င်လိုက်ပါ ..
ပြီးရင် Template က နေ Edit HTML ကို ၀င်ပါ
HTML ကုဒ်တွေထဲက ]]></b:skin>  ကို လိုက်ရှာပါ ...
တွေ့ပြီဆိုရင် အဲဒီ ]]></b:skin> ရဲ့ အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ


#mblwrap {
      background: #Ffffff;
      width: 960px;
      margin: 10px auto 5px auto;
      padding: 0;
      position: relative;
      border-right: 15px solid #333;
      border-left: 15px solid #333;
      border-top: 10px solid #333;
      border-bottom: 15px solid #333;
      -moz-border-radius:10px;
      -webkit-border-radius:10px;
      border-radius:10px;
      box-shadow: #333 0px 1px 3px;
    }



အဲဒီကုဒ်တွေထဲက ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့နေရာမှာ ကိုယ်နှစ်သက်တဲ့ အရောင်ကုဒ်ကို ပြောင်းလဲပေးနိုင်သလို Border ရဲ့ အထူအပါးကိုလည်း 15px, 15px, 10px စတဲ့နေရာတွေမှာ လိုက်ပြီး ချိန်ညှိပေးနိုင်ပါသေးတယ်

ပြီးရင် <body> ကို ထပ်ရှာပါ ..
တွေ့ပြီဆိုရင် အဲဒီ <body> ရဲ့ အောက်မှာ


<div id='mblwrap'>  
အဲဒီကုဒ်ကို ကူးထည့်လိုက်ပါ

ပြီးရင် </body> ကို ထပ်ရှာပါ ..
တွေ့ပြီဆိုရင် အဲဒီ </body> ရဲ့ အပေါ်မှာ </div> ဆိုတဲ့ကုဒ်ကို ထည့်ပေးလိုက်ပါ
အပေါ်မှာထည့်တာ အောက်မှာထည့်တာတွေကို သေချာ ဂရုစိုက်ပေးစေချင်ပါတယ်
Preview Template ကနေ ဘလော့ကို ကြည့်လို့ အဆင်ပြေသွားပြီဆိုရင်တော့
Save Template ကို နှိပ်လိုက်ရုံပါပဲ ...
ဒါဆိုရင်တော့ Template ကြီးတစ်ခုလုံးကို ဘောင်ခပ်လို့ ပြီးသွားပါပြီ ..

နောက်တစ်နည်းကတော့ Template ထဲမှာ ရှိတဲ့ Widget တစ်ခုချင်းစီကို ဘောင်ခပ်မယ်ပေါ့
အရင်ဆုံး ကိုယ်ဘောင်ခပ်ချင်တဲ့ Widget ID ကို သိအောင်လုပ်ထားပါ ..
ဥပမာ .. Post ရဲ့ Widget ID ကို သိချင်တယ်ပေါ့ .. Layout ကနေ အဲဒီ Post ရဲ့ ညာဖက်အောက်ဒေါင့်က Edit ကိုနှိပ်လိုက်ရင် ပွင့်လာတဲ့ ၀င်းဒိုးအသေးလေးရဲက Address bar ထဲမှာ Widget ID ကို ရှာလို့ရပါတယ် .. Template ထဲမှာ ရှာတတ်ရင်လည်း ရပါတယ် ..
များသောအားဖြင့်တော့ Post ရဲ့ Widget ID က Blog1 ဖြစ်နေလေ့ရှိပါတယ် ..
ကဲ .. အဲဒီ Post တွေကို ဘောင်ခပ်တော့မယ်ပေါ့ဗျာ ..
Template က နေ Edit HTML ကို သွားလိုက်မယ်ပေါ့

HTML ကုဒ်တွေထဲက ]]></b:skin> ကို လိုက်ရှာပါ ..
တွေ့ပြီဆိုရင် သူ့ရဲ့ အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ



#YourWidgetID {
padding: 5px;
border: 1px solid #ff0000;
}


ကုဒ်တွေထဲက #ff0000 ကတော့ ကိုယ် ဘောင်အဖြစ်ခပ်မယ့် အရောင်ပေါ့ .. 
ကုဒ်တွေထဲမှာ အနီရောင်နဲ့ပြထားတဲ့ YourWidgetID ဆိုတဲ့နေရာမှာ ကိုယ် ဘောင်ခပ်ချင်တဲ့ Widget ရဲ့ ID ကို ထည့်ပေးရမှာပါ
ဥပမာ .. ကျွန်တော်က Post တွေကို ဘောင်ခပ်ချင်တယ်ဆိုပါတော့ Post ရဲ့ ID က Blog1 ဆိုပါတော့
ကုဒ်က ဒီလိုဖြစ်သွားမယ်

#Blog1 {
padding: 5px;
border: 1px solid #ff0000;
}


ပြီးရင်တော့ Save Template ပေါ့ ...
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

ဘလော့ရဲ့ Header မှာ ပုံလေးတွေတင်တဲ့နည်းပါ


ဘလော့ရဲ့ Header မှာ ပုံလေးတွေတင်တဲ့နည်းပါ
ကိုယ်အသုံးပြုချင်တဲ့ ပုံ format (jpg .. gif) စသည်ဖြင့် အသုံးပြုနိုင်ပါတယ် ...

ပထမဆုံး ကိုယ့်ဘလော့ Header ရဲ့ အကျယ်အ၀န်းကိုသိဖို့ အရင်လုပ်ရပါမယ်

အဲဒီအတွက် အရင်ဆုံး Blogger မှာ Log In ၀င်ပါ
ပြီးရင် Template ကိုသွားပါ



အဲဒီကနေမှ Edit Template ရဲ့ ဘယ်ဖက်က Customize ကိုနှိပ်ပါ



ပွင့်လာတဲ့ထဲက အပေါ်တန်းထဲမှာရှိတဲ့ Adjust Width  ကိုနှိပ်ပါ
ပွင့်လာတဲ့အလယ်ခြမ်းထဲမှာ Whole Template ဒါမှမဟုတ် Entire Template ရဲ့ Width ဟာ
ကိုယ့်ဘလော့ Header ရဲ့ အကျယ်အ၀န်းပါပဲ ...






အမြင့်ကိုတော့ ကိုယ်နှစ်သက်သလို ဆုံးဖြတ်ပါ
အောက်မှာ ကျွန်တော့်ဘလော့ရဲ့ Header ကိုပြထားပါတယ် 930px ဖြစ်ပါတယ်
ဒါကြောင့် အရင်ဆုံး ကိုယ်လိုချင်တဲ့ ပုံကို Width 920px နဲ့ အမြင့်ကို 250px သတ်မှတ်ပြီး
gif ဖိုင်တစ်ခုကို ဖန်တီးလိုက်ပါတယ် ..
ပြီးရင်တော့ Layout ကိုသွားပါ





ပြီးရင် Header အပိုင်းရဲ့ ညာဖက်အောက်ဒေါင့်က Edit ကိုနှိပ်လိုက်ပါ





အဲဒီပွင့်လာတဲ့ထဲမှာပဲ ကိုယ့် Header မှာသုံးမယ့်ပုံကို ရွေးခြယ်ပြီး Upload တင်လိုက်ရုံပါပဲ
အဲဒီလို တိုက်ရိုက်မတင်ချင်ရင်လည်း ကိုယ့်ရဲ့ Header ပုံကို Hosting Site တစ်ခုခုမှာ Host လုပ်ပြီး
အဲဒီပုံရဲ့ လင့်ကိုပဲ ပေးလိုက်ရင်လည်း ရပါတယ်

ကိုယ်တင်ချင်တဲ့နည်းနဲ့ ပုံကိုတင်ပြီးရင်တော့ Save ကို နှိပ်လိုက်ရုံပါပဲ

ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

ဘလော့ထဲက Label နဲ့ Archive တွေကို Scroll Box လေးနဲ့ထားနည်း


ဒီနည်းက တစ်ခုလုပ်တတ်တာနဲ့ တခြားတစ်ခုကို လုပ်တတ်ပါတယ် ..
ဒီပို့စ်မှာတော့ ကျွန်တော်က Blog Archive ကို Scroll Box လေးနဲ့
ထားတဲ့နည်းကို မျှဝေပေးပါမယ် ..

Label ကို Scroll Box နဲ့ထားချင်ရင်လည်း ဒီနည်းအတိုင်းပဲ လုပ်ပေးလိုက်ရုံပါပဲ ...

ကဲ .. စကြစို့ ...
အရင်ဆုံး Blogger ကို Sign In ၀င်လိုက်ပါ
ပြီးရင် Layout ကိုသွားပါ




Blog Archive မထည့်ရသေးဘူးဆိုရင် Add a widget ကနေ Blog Archive ကိုရွေးပြီး Save လုပ်ပါ
တကယ်လို့ Blog Archive ထားပြီးသားဆိုရင်တော့ အဲဒီ Blog Archive ရဲ့ နံမည်ကို ဘယ်လိုထားထားသလဲဆိုတာကို မှတ်ခဲ့ပါ
အောက်ကပုံထဲမှာတော့ ကျွန်တော်က ရှာရလွယ်အောင် Archive In This Blog လို့ နံမည်ပေးထားပါတယ်





Blog Archive ကို Save လုပ်ပြီးပြီဆိုရင်တော့ Template ကိုသွားပါ
Edit HTML ကိုနှိပ်ပါ
ပွင့်လာတဲ့ Template Coding တွေထဲက ကိုယ်ပေးထားတဲ့ Blog Archive ရဲ့နံမည်ကို လိုက်ရှာပါ
ကျွန်တော်ကတော့ Archive In This Blog ဆိုတာကို ရှာလိုက်ပါမယ်




တွေ့ပြီဆိုရင်တော့ အဲဒီ Code တွေကို ဖြန့်ပေးရပါမယ် ..
ဆိုလိုတာက ကျွန်တော်တို့မြင်နေတဲ့ကုဒ်တွေဟာ ချုံ့ထားတာပါ ..
ဘယ်နေရာတွေမှာချုံ့ထားတာလဲဆိုတော့  > .... </widget> အဲဒီလိုမျိုးပုံစံထဲက အစက်ကလေးတွေထဲမှာ ကုဒ်တွေကို ချုံ့ထားတာပါ ..
သူ့ကိုဖြန့်ချင်ရင် အဲဒီ အစက်ကလေးတွေပေါ်မှာ ကလစ်တစ်ချက်နှိပ်ပေးလိုက်ရင် ကုဒ်တွေကျလာပါမယ်
အဲဒီလိုကျလာတဲ့ကုဒ်တွေထဲက <div class='widget-content'>  ကို ရှာပါ
တွေ့ပြီဆိုရင် အဲဒီကုဒ်ရဲ့နောက်နားမှာ ကလစ်တစ်ချက်ပေးပြီး Enter နှိပ်လိုက်ရင် အောက်မှာတစ်ကြောင်းစာ လွတ်သွားပါမယ်
အဲဒီလွတ်သွားတဲ့တစ်ကြောင်းနေရာမှာ အောက်က ကုဒ်ကို ကော်ပီကူးပြီးထည့်လိုက်ပါ

<div style='overflow:auto; width:ancho;height:300px;'>

အဲဒီလိုထည့်လိုက်တဲ့အခါမှာ လောလောဆည် ကုဒ်မှားနေတဲ့အတွက် အောက်မှာရှိတဲ့ </...> ပုံစံကုဒ်တွေဟာ အနီရောင်တွေ ဖြစ်ကုန်ပါမယ် ..
စိုးရိမ်စရာမရှိပါဘူး ...
နောက်ထပ် အဲဒီ ကုဒ်အုပ်စုထဲက

</div>
</div>

အဲဒီလို နှစ်ခုထပ်နေတဲ့အောက်မှာ တစ်ကြောင်းစာနေရာပေးပြီး နောက်ထပ် </div>တစ်ခုထပ်ထည့်ပေးလိုက်ပါ
အဲဒီလိုဆိုရင်

</div>
</div>
</div>
<b:include name='quickedit'/>

အဲဒီလို သုံးခုဆင့်သွားပါမယ်
ဒါဆိုရင် မှားနေတဲ့ကုဒ်အနီရောင်တွေအားလုံး အစိမ်းရောင် ပြန်ပြောင်းသွားပါမယ် ..
အောက်ပုံကတော့ လိုအပ်တဲ့ကုဒ်တွေ ထည့်ပြီးသားပုံပါ







အားလုံးပြီးရင်တော့ Save template ကိုနှိပ်လိုက်ပါ ...
ဒါဆိုရင် ဘလော့ထဲက Archive List လေးတွေဟာ Scroll Box လေးထဲမှာ သပ်သပ်ရပ်ရပ် ရှိနေတာကို တွေု့ရပါလိမ့်မယ် ...
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းတွေအားလုံးကို လေးစားခင်မင်လျှက်