Showing posts with label Phones. Show all posts
Showing posts with label Phones. Show all posts

Friday, August 16, 2013

Sony Xperia Z / ZR Root လုပ်နည်း



ဒီ Root နည်းကို ဆော့ဝဲလ်မြို့တော်Fan Pageမှာ အစ်မတယောက် မေးလာတဲ့အတွက် ကျွန်တော် ရှာဖွေပြီးတင်ပေးလိုက်တာပါ။ ကျွန်တော်သိသလောက်ပြောပြရရင် Sony ဖုန်းတော်တော် 
များများဟာ Rootလုပ်မှသာလျှင် မြန်မာဖောင့်ကို ရေးနိုင်ဖတ်နိုင်မယ်ထင်ပါတယ်။
 Samsung ဖုန်းတွေနဲ့Emotion UI ပါတဲ့ဖုန်းတွေမှာသာ Root မလိုဘဲ
 မြန်မာဖောင့်သွင်းလို့ရမှာ ဖြစ်ပါတယ်။   
Xperia Z ကို Root မယ်ဆို အောက်မှာကြည့်လိုက်ပါဗျာ......
Sony Xperia Z / ZR  Root လုပ်နည်း ကိုဖော်ပြပေးလိုက်ပါတယ် 
ZR ကိုတော့ ကျွှန်တော်ကိုယ်တိုင်စမ်းပြီသာပါ အားလုံးအဆင်ပြေပါတယ်
Root လုပ်ဖို့အတွက် Computer မှာ ADB Driver သွင်းထားရပါမယ်။
Computer မှာ ADB Driver မသွင်းရသေးရင် အရင်သွင်းထားလိုက်ပါ။
မရှိသေးရင်တော့ အောက်မှာဒေါင်းလိုက်ပါ။
ADB Flashtool Driver
Phone Settings ->Developer options -> Enable and Settings -> Developer options -> 
USB Debugging Mode ကို အမှန်ခြစ်ထားပါ။
Phone Settings -> Security -> Unknown source ကိုအမှန်ခြစ်ထားပါ။
Root လုပ်ဖို့ဖိုင်ကို ဒီမှာဒေါင်းပါ။
Sony Xperia Z/ZR Root (or)Sony Xperia Z/ZR Root
ဒေါင်းပြီရင် ဒေါင်းလို့ရလားတဲ့ဖိုင်ကို ဖြည်းလိုက်ပါ ။
Phone ကို Computer နဲ့ချိတ်ပါ ။
runme_win.bat ဖိုင်လေးကို Run လိုက်ပါ။
Keyboard မှ Enter ကိုနိပ်လိုက်ပါ ။
အချိန်အနည်ငယ်ကြာရင်တော့ ဖုန်း က Reboot ကျသွားလိမ့်။
Power ပြန်တတ်လာရင်တော့ Super user လေးကို မြင်တွေ့နိုင်ပါပြီ.။
ကျွှန်တော်စမ်းထားတဲ့ဖုန်းကို Screen shop ရိုက်ပြီ တင်ထားပေးပါတယ်။


credit by  www.mm-mpxteam.net


ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
Read More

Friday, August 2, 2013

Password/Pin/Pattern Lock ကိုကလစ်တစ်ချက်နဲ့ဖြုတ်ပေးမယ့် Vroot ရဲ့ Rommaster.exe ပါ။




မင်္ဂလာပါ......
V Root ဆိုဒ်မှာပဲရှိနေတာပါ။ Password lock / Pin Lock / Pattern Lock စတာတွေကို ကလစ်တစ်ချက်နဲ့ဖြုတ်ပေးမယ့် Vroot ရဲ့ Rommaster.exe ပါ။ ဒေါင်းရအဆင်ပြေအောင် တိုက်ရိုက်လင့် တင်ထားပါတယ်။ Click လုပ်ရမယ့်နေရာက Downward Arrow ပုံနဲ့ တရုတ်စာလေးလုံးလောက်ပါတဲ့ Button လေးပါ။(11.12 MB  V 3.2.6  2013.07.22  ဆိုတဲ့စာတန်းအောက်မှာပါ။) Desktop ကို screen shot ရိုက်ပြီး ပုံတင်ဖို့ ကြိုးစားပေမယ့် အဆင်မပြေလို့ပါ။ အဆင်ပြေပါစေ....
Download Link : http://www.mgyun.com/romasterlab 

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..
Read More

Android ဖုန်းတော်တော်များများကိုအလွယ်တကူ Root နိုင်တဲ့ Framaroot version 1.5.3



 

Android ဖုန်းတော်တော်များများကို ဒီ Apk လေးနဲ့ အလွယ်တကူ Root လုပ်နိုင်ပါတယ်။ လုပ်ရတာအရမ်းလွယ်ပါတယ်။ Apk ကိုဖုန်းမှာ Install လုပ်ပြီးတော့ G နဲ့စတဲ့ဟာလေးကို နှိပ်လိုက်ပါ။ အောင်မြင်တယ်ဆိုရင် Success ဆိုပြီးပြပါတယ်။ ဖုန်းကို Reboot ပြန်လုပ်လိုက်ရင်တက်လာတဲ့အခါ Super user icon လေးကို တွေ့ရပါပြီ။ 
ရနိုင်တဲ့ဖုန်းတွေကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်။ ကိုယ့်ဖုန်းအမျိုးအစား
ပါရင်တော့ဒေါင်းနိုင်ပါပြီ။

  • Asus Padfone 1/2
  • Asus Padfone Infinity
  • BW T18+ (Fortis Evo)
  • Cloudfone Thrill 430x
  • Disgo 8400g
  • DNS S4504/S4503/S4502
  • FAEA F1
  • Gigabyte GSmart G1315 Skate
  • Gigabyte GSmart Rio R1
  • Google Nexus 4
  • Highscreen Spark/Blast/Strike/Boost
  • HTC One S
  • Huawei Honor Pro (U8950-1)
  • Huawei U8815/U8816 Ascend G300/G301
  • Huawei U8825D Ascend G330D
  • Karbonn Titanium S5
  • LG Nitro HD
  • LG L7 II P710/P714/P715
  • LG Optimus G E970
  • LG Optimus L3 II E425
  • LG Optimus L5 E610/612/615
  • LG Optimus L7 II P710/P713/ P714/P715
  • LG Optimus L7 P700/Р705
  • LG Optimus LTE 2
  • MEDION LIFE P4013
  • Micromax A111 Canvas Doodle
  • Orange Nivo
  • Samsung Galaxy Win I8552
  • Sharp Aquos Phone SH930W
  • Sony Xperia E C1505/Dual C1605
  • Sony Xperia L C210X
  • teXet TM-3204R
  • teXet TM-4677
  • ZTE V880G/ZTE V955
  • Alcatel OT 997D
  • Alcatel OT Idol 6030X/6030D/6030H
  • Alcatel OT-4030 S'POP
  • Chinese Star S7589
  • DAXIAN XY100S
  • Explay HD Quad
  • Explay infinity II
  • Explay Polo
  • Explay Surfer 8.31 3G
  • Fly IQ441/442/443
  • Fly IQ440 Energie
  • Fly IQ446 Magic
  • Fly IQ450 Quattro Horizon 2
  • Fly IQ451
  • GoClever Fone 570Q
  • Haipai I9389
  • Highscreen Alpha GTX
  • HKC Q79 3G
  • Huawei g500
  • IconBIT NetTAB Space 3G Duo
  • iOcean X7
  • Jiayu G3S
  • Jiayu G4
  • Lenovo IdeaPhone P700i
  • Lenovo P770
  • Micromax Canvas HD
  • Motorola RAZR D3
  • Newman N1
  • Oppo findway U7015
  • OUMEI X5
  • Philips W736
  • Prestigio MultiPhone 4055
  • Star S5 Butterfly
  • TeXet NaviPad TM-7055HD
  • Texet TM-5277
  • THL V12
  • THL W200
  • ZOPO C2 Platinum
  • ZOPO ZP 910
  • ZTE V880G/H
  • ZTE V987 Grand X Quad
  • Samsung Galaxy Core GT-I8262
  • Samsung Galaxy Proclaim S720C
  • Samsung Galaxy Young GT-S6312/GT-S6310
  • Samsung Lightray SCH-R940
  • AT&T Galaxy Note 2 SGH-I317
  • Highscreen Explosion
  • Hyundai T7s
  • Impression 9702 (Exynos 4412)
  • Lenovo K860/К860i
  • Newman N2
  • Meizu MX2
  • Samsung Galaxy Camera EK-GC100
  • Samsung Galaxy Note 10.1 GT-N8000, GT-N8010, GT-N8013, GT-N8020
  • Samsung Galaxy Note 2 GT-N7100
  • Samsung Galaxy Note 2 LTE GT-N7105
  • Samsung Galaxy Note 8.0
  • Samsung Galaxy Note GT-N7000
  • Samsung Galaxy S GT-i9000
  • Samsung Galaxy S2 AT&T SGH-I777
  • Samsung Galaxy S2 Epic 4G Touch - SPH-D710
  • Samsung Galaxy S2 GT-I9100
  • Samsung Galaxy S3 GT-I9300
  • Samsung Galaxy S3 LTE GT-I9305
  • Samsung Galaxy Tab Plus GT-P6200/GT-P6210
  • Samsung Galaxy Tab 7.7 GT-P6800/GT-P6810
  • Samsung SGH-i997 Infuse 4G
  • T-Mobile Galaxy Note 2 T-889
  • Verizon Galaxy Note 2 SCH-I605
  • iBerry Auxus CoreX2 3G and CoreX4 3G
  • Archos Gen8
  • Cliq 2 MB611
  • Coolpad Quattro 4G
  • Droid 2 (a955)
  • Droid 2 Global (a956)
  • Droid X (MB810)
  • LG Marquee LS855
  • LG P970 Optimus Black
  • Motorola DEFY+ (MB525 / MB526)
  • Motorola Droid PRO
  • Motorola Droid X
  • Motorola XPRT
  • Parrot ASTEROID Smart
  • R2D2 (a957)




ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
Read More

Friday, July 26, 2013

Samsung Galaxy S4 မှာပါတဲ့ Air Call Accept ကို Android ဖုန်းတိုင်းသုံးနိုင်ပြီ။ Air Call-Accept v1.1 apk For Android





ခေါင်းစဉ်လေးကိုမြင်လိုက်တာနဲ့ဘဲ စိတ်ဝင်စားသွားကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ ကျွန်တော်လည်း အတော်လေး စိတ်ဝင်စားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ Galaxy S4 မှာပါတဲ့ နာမည်ကြီးတဲ့ Feature တစ်ခုဖြစ်တဲ့ Air Call Accept ဆိုတဲ့ Function ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Galaxy S4 မှာဘဲအသုံးပြု နိုင်ခဲ့တာပါ။ အခုဆိုရင်တော့ Android OS 1.5 နှင့်အထက်ရှိတဲ့ မည်သည့် Hand Set မှာမဆို Air Call-Accept ဆိုတဲ့ Function ကိုအသုံးပြုနိုင်နေပါပြီ။ အဲဒီ Function လေးကတော့ ဖုန်းလာတဲ့အခါမှာ ဖုန်းကို ထိစရာကိုင်စရာမလိုဘဲ ဖုန်းရဲ့ မျက်နှာပြင်ပေါ်ကို လက်လေးနဲ့ လှုပ်ရမ်းလိုက်ရုံနဲ့ ဖုန်းကိုင်ပြီးသားဖြစ်မှာပါ အတော်လေးတော့ လန်းပါတယ်ဗျာ။



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။
Read More

Tuesday, July 2, 2013

MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters New version 1.4.2.3130


MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters version အမြင့် 1.4.0.2955 ဒီကောင်က တရုတ် Root Tool တစ်ခုဖြစ်ပြီး နာမည်ကြီး Master Brand တံဆိပ် 1000 ကျော်ကို Root နိုင်လို့ သိရပါတယ်.. Master Brand လို့ ဆိုလိုက်တာက Samsung, HTC, Huawei, ZTE စတဲ့ Brand တွေကို ပြောတာပါ. Model အလိုက် ဖေါ်ပြထားခြင်းတော့ မတွေ့ရပါဘူး.. အရင်ကလည်း တစ်ခါ တင်ပေးခဲ့ဖူးပါတယ်. အဲဒီတုန်းက ဗားရှင်းနိမ့်ပြီး အမျိုးအစား 1000 ကျော် Root နိုင်ပါတယ်. ခု 2000 ကျော် Root နိုင်တဲ့ New Version ပါ..  ဒီကောင်ကို V Root လို့လူသိများပြီး တကယ်ကျတော့ သူ့နာမည်ကို လိုက်ရှာတဲ့အခါ ROOT Masters or Masters Brush (Brush Master Integration ROOT) ဖြစ်ပါတယ်.. နောက်ထပ်တွေ့လာရတာက i-Mobile IQ တွေကို ဒီကောင်နဲ့ Root လို့ရတာပါ.. Driver မသိရင်လည်း Online က Auto ချပေးတယ်... ပိုစုံလာတာပေါ့ဗျာ..

နည်းလမ်းကတော့ 
ပထမဆုံး Driver ကို သိရပါမယ်.. မရှိရင် ဒီမှာ ဒေါင်းနိုင်ပါတယ်.. Model အလိုက် USB Debugging နဲ့ Unknown Source ကို On ပေးထားရပါမယ်..

1 . ROOT Masters ကို ဒေါင်းပြီး Install လုပ်ပါ.. ပြီးရင် Run လိုက်ပါ..

2.  ဖုန်းကို Computer နဲ့ ချိတ်ဆက်လိုက်ပါ.. Driver သိတယ်ဆိုရင် ROOT Masters 1.3.2.2905 ကလည်း သိကြောင်း ပေါ်လာမှာဖြစ်ပါတယ်..

3. ဒါဆိုရင် Root Button ( အစိမ်းရောင် Green Button ) ကိုနှိပ်လိုက်ပါ.. Root လုပ်နေတာ မြင်ရပါလိမ့်မယ်..






4. ခဏနေရင်တော့ Root လုပ်ပြီးကြောင်း ပြပေးပါလိမ့်မယ်..
ဒါဆို အဆင်ပြေလောက်ပါပြီ..

Download=> Link 1 / Link 2
Read More

Sunday, June 30, 2013

Android ဖုန်း/Tablet များကို Pattern Lock ဖြုတ်နည်း (Manually)



ပို့စ်ရေးသားသူ- ကိုဇော်သူရိန်ထွန်း
Pattern Lock မေ့နေလို့ Android ဖုန်းပိုင်ရှင်တွေအတွက် Pattern Lock ဖြုတ်နည်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဖြေရှင်းနည်းမရေးခင် သဘောတရားကို အရင်ရှင်းပြပါရစေ။ Android ဖုန်းတွေမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Setting တွေအားလုံးဟာ Database ထဲမှာ သိမ်းထားတာ ဖြစ်ပါတယ်။ Ringtone ကအစ ဘယ်ဖိုင်ကို Ringtone အနေနဲ့သတ်မှတ်ထားတယ်၊ Volume ကို ဘယ်လောက်အထိ တင်ထားတယ်အဆုံး အားလုံးဟာ Database ထဲမှာ ရှိနေပါတယ်။
အခု Pattern Lock ပြဿနာဟာ ဖုန်းရဲ့ Lock Screen ကို Pattern နဲ့ဖွင့်လို့ရအောင် လုပ်မိပြီးကာမှ Pattern ကို မေ့သွားပြီးမှ အခါခါကြိုးစားရင်းနဲ့ မရတဲ့နောက်ဆုံးမှာ ဖုန်းက အလိုလို Lock ချပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ နောက်ကွယ်မှာ တကယ်တမ်းတော့ ဖုန်းရဲ့ Database ထဲမှာ ရှိတဲ့ lockscreen.lockoutpermanently ရဲ့ တန်ဖိုးဟာ အရင် 0 ကနေ 1 ကို ပြောင်းလဲသွားခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒီ 1 ကို 0 ပြန်ပြောင်းနိုင်ရင် ပြေလည်သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် Android ဖုန်းတွေမှာ အဲဒီလို Database အတွင်းပိုင်းကို ပြုပြင်ခွင့်ပေးမထားပါဘူး။ Root လုပ်ထားတဲ့ ဖုန်းတွေမှာသာ ပြုပြင်ခွင့် ရပါတယ်။ ဒါကြောင့် အောက်ပါနည်းလမ်းဟာ Root လုပ်ထားတဲ့ဖုန်းတွေမှာသာ အကျုံးဝင်ပါတယ်။ နောက်ပြီး ADB နဲ့ Command တွေသုံးပြီး ပြုပြင်မှာမို့ ကိုယ့်ဖုန်းဟာ အဲဒီလို ကွန်ပျူတာက Command တွေနဲ့တစ်ဆင့် ခိုင်းစေခွင့်ကို ခွင့်ပြုထားဖို့လိုပါတယ်။ တစ်နည်းအားဖြင့် USB Debugging ကို အမှန်ခြစ် ထားဖို့ လိုပါတယ်။ Lock ကျသွားပြီမှ USB Debugging ကို ဖွင့်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး။ အစကတည်းက USB Debugging ကို ဖွင့်ထားတဲ့
ဖုန်းတွေမှာသာ ရပါလိမ့်မယ်။ ကံကောင်းတာက အတော်များများဟာ USB Debugging ကို ဖွင့်ထားတတ်ကြပါတယ်။
အပေါ်ကအဆင့်တွေနဲ့ ကိုက်ညီပြီဆိုရင် အဆင်ပြေပါပြီ။ အရင်ဆုံး သူ့ရဲ့ settings.db လို့ခေါ်တဲ့ setting database ကြီးကို ကွန်ပျူတာထဲမှာ ကော်ပီကူးယူမယ်။ lockoutpermanently တန်ဖိုးကို 1 ကနေ 0 ပြောင်းမယ်။ ပြီးရင် ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်မယ်။ ဒါလေးပါပဲ။ ဘယ်ဆော့ဖ်ဝဲလ်တွေလိုလဲ
Android Debug Bridge(ADB) လို့ခေါ်တဲ့ Android ဖုန်းတွေကို Command နဲ့ အမိန့်ပေးခိုင်းစေ ပြုပြင်နိုင်တဲ့ Tool တစ်ခုလိုပါတယ် (အဲဒါက Google က
ထုတ်ပေးထားပါတယ်)။ နောက်ပြီး Database ထဲက အချက်အလက်တွေကို ဝင်ပြီးပြင်မှာမို့ Database Management Tool တစ်ခုလည်း လိုပါ့မယ်။ Android
က SQLite Database ကို သုံးထားတာမို့ sqlite ဆိုတဲ့ Database Management Tool တစ်ခု လိုပါတယ်။ နောက်ပြီး ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်နိုင်ဖို့အတွက် ဖုန်းရဲ့ Driver ကို ကွန်ပျူတာထဲမှာ ထည့်သွင်းထားဖို့ လိုပါမယ်။
ဘယ်လိုအရည်အချင်းတွေလိုလဲ
Command Prompt သုံးစွဲနည်းကို သိထားဖို့လိုသလို ADB သုံးစွဲနည်းကို အနည်းငယ်သိထားဖို့လိုပါတယ်။ Database အကြောင်းကိုလည်း တီးမိခေါက်မိ ရှိဖို့လိုပါတယ်။
အောက်က link မှာပေးထားတာကို download အရင်ဆွဲထားပါ။
Zip ဖိုင် က zip
Download လုပ်ဆွဲပြီးပြီဆိုရင် ဇစ်ဖိုင်ကို Extract လုပ်ပါ။ အဲဒီထဲမှာ adb ရယ်၊ sqlite ရယ် ပါဝင်ပါတယ်။
ဖြေရှင်းနည်း
၁။ ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်ပါ။ (Driver မရှိရင်တော့ Driver ကို ကြိုတင်ပြီး Install လုပ်ထားပါ)
၂။ Command Prompt ကိုဖွင့်ပါ။ adb ရှိတဲ့လမ်းကြောင်းဆီသွားပါ။ (ဥပမာ C:\adb) ကိုယ့်ဖုန်းကို adb က သိမသိ စမ်းဖို့လိုပါမယ်။ အဲဒီအတွက် adb devices ဆိုပြီး ရိုက်ထည့်လိုက်ပါ။ devices attached အောက်မှာ ID တစ်ခု ပေါ်လာရင် ဖုန်းကို adb က သိနေပြီ ဖြစ်ပါတယ်။
၃။ adb shell ဆိုပြီး ရိုက်ထည့်ပါ။
၎။ shell@android:/$ ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အတွင်းပိုင်းတွေကို ၀င်ပြင်မှာဖြစ်တာမို့ root access ပြောင်းဖို့လိုပါမယ်။ su ဆိုပြီး ရိုက်ထည့်လိုက်ပါ။
၅။ shell@anroid:/# ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒီလိုမပြောင်းရင်တော့ root မလုပ်ရသေးလို့ ဖြစ်နိုင်ပါတယ်။
၆။ ဖုန်းထဲမှာရှိတဲ့ Database တွေသိမ်းထားတဲ့ Folder ဟာ ပုံမှန်အားဖြင့် ဖတ်လို့မရအောင် ကာကွယ်ထားပါတယ်။ ဒါကြောင့်မို့ chmod command ကို
သုံးပြီး Permission ကို ပြောင်းလဲဖို့ လိုပါတယ်။ အောက်က Command သုံးပြီး လုပ်လိုက်ပါ။
chmod 0777 /data/data/com.android.providers.settings/databases
ဒါဆို data/data/com.android.providers.settings ထဲက databasese ဆိုတဲ့ folder က Permission တွေ ပြုတ်သွားပြီဖြစ်ပါတယ်။ ဖျက်ပစ်တာ၊ ကော်ပီကူးယူတာတွေ လုပ်ခွင့်ရှိသွားပါပြီ။ shell ကနေ Control+C နှိပ်ပြီး ထွက်လိုက်ပါ။
၇။ အဲဒီ databases ထဲက settings.db လို့ခေါ်တဲ့ settings database ဖိုင်ကို ကွန်ပျူတာထဲကို ကူးယူပါမယ်။ အဲဒီအတွက် အောက်က command ကို သုံးပါ။
adb pull /data/data/com.android.providers.settings/databases/settings.db C:\adb
ဒါဟာ settings.db ဖိုင်ကို C:\adb ထဲကို ကူးယူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
၈။ sqlite ကိုသုံးပြီး settings.db ကို ပြုပြင်ပါတော့မယ်။
sqlite3 settings.db လို့ ရိုက်ထည့်လိုက်ပါ။
command prompt ဟာ sqlite> ဆိုပြီး ပြောင်းလဲသွားပါလိမ့်မယ်။ sqlite စအလုပ်လုပ်နေပါပြီ။ .tables ဆိုပြီး ရိုက်ထည့်ကြည့်ပါ။ settings.db ထဲမှာရှိတဲ့
table တွေရဲ့ နာမည်တွေ တွေ့ပါလိမ့်မယ်။
အဲဒီမှာ pattern lock တန်ဖိုးက secure ဆိုတဲ့ table အထဲမှာ သိမ်းထားပါတယ်။ တစ်ချို့ဖုန်းတွေမှာတော့ system ဆိုတဲ့ table ထဲမှာ သိမ်းထားပါတယ်။
အခု ကျွန်တော်စမ်းသပ်ခဲ့တဲ့ ဖုန်းဟာ secret ဆိုတဲ့ table ထဲမှာ သိမ်းထားတာမို့ အဲဒီ table ထဲမှာရှိတဲ့ lockscreen.lockedoutpermanently ရဲ့ တန်ဖိုးကို 0 လို့ ပြောင်းလဲဖို့အတွက် အခုလို command ကို သုံးလိုက်ပါတယ်။
update secret set value=0 where name=’lockscreen.lockedoutpermanently’;
autolock ဖြစ်နေတာကိုလည်း အခုလို command သုံးပြီး ဖြုတ်ပစ်ပါတယ်။
update system set value=0 where name=’lock_pattern_autolock’;
Database ကို ပြုပြင်ခြင်း ပြီးဆုံးသွားပါပြီ။ .quite လို့ ရိုက်ထည့်ပြီး ထွက်လိုက်ပါ။ အခု ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်ပါ့မယ်။
အဲဒီအတွက် အောက်ပါ command ကို သုံးလိုက်ပါ။
adb push settings.db /data/data/com.android.providers.settings/databases/
ပြီးဆုံးပါပြီ။ ကိုယ့်ဖုန်းကို restart လုပ်ကြည့်ပါ။ Patter Lock ကျနေတာ ပျောက်ကွယ်သွားပါလိမ့်မယ်။ အဆင်ပြေကြပါစေ။

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
Read More

Wednesday, June 19, 2013

PATTERN LOCK မေ့သွားရင် ပြန်ဖြည်နည်





Android ဖုန်းတွေမှာ ဖြစ်တတ်တဲ့ Lock Pattern အကြောင်းပဲ ထပ်တလဲလဲ မေးနေကြလို့ နောက်ထပ်ဖြေရှင်း တစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်...:)
 Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင် မကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ … အဲ ဒါပေ မယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲ ဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ…


ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင် ထား ဖို့လိုပါတယ် …

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ … Wi-Fi ချိတ်ထားဖို့ လို ပါ တယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်း တစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ … Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …

ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …

OK နှိပ်လိုက်ပါ။

စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ ...
သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ … ဝင်သွားပြီ ဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် … ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် … ပြီးရင် Confirm နှိပ်ပါ … ဒါဆိုရင်ေ တာ့ သင် ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …

အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည် တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???

PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …
Read More